Home » » Barcelona: A Love Untold (2016)

Barcelona: A Love Untold (2016)



Barcelona: A Love Untold (2016)

HD 720p

ဖိလစ်ပိုင်အချစ်ဇာတ်ကားကောင်းကောင်းလေးတစ်ကားကိုညွှန်းပါရစေ..

ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီက

ချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်

စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်….

တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့

နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေ

ရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာ

ဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသား

တွေ့ဆုံခဲ့ကြပါတယ်….

မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်

တူနေတဲ့အတွက်အယ်လီဟာမီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်း

ချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့

ကားလေးတစ်ကားဖြစ်ပါတယ်….

ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????

ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???

လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့

မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်….

တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲ

နာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်

ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်…

Quality…..HDRip 720p

Duration…..02:12:00

Format…Mp4

File Size…(947 MB , 460 MB)

Translator…..May Thazin Myint

Encoder…..Moe Myint Lwin

Share this article :

0 comments:

Post a Comment

 
Copyright © 2015 Shine HD Channel (Movies)
Distributed By Gooyaabi Templates